ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း   စက်တင်ဘာ     ၁၅ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ ခရိုင်/မြို့နယ် လူကုန်ကူးမှုတာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျာင်းသူများ တက် ရောက်ခဲ့သည်။

 ရှေးဦးစွာ   ခရိုင်လူကုန်ကူးမှုတာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက လူကုန်ကူးမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်ဝင်းမှ မှုခင်းကျဆင်းရေး အကြောင်းအရာများကိုလည်းကောင်း၊ ဘုတ်ပြင်းခရိုင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (ဘုတ်ပြင်း)၏ တာဝန်ခံရဲအုပ် တေဇာလွင်မှ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့်ပတ်သက်သည်များကို အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့် လူကုန်ကူးမှုဆိုသည်မှာ၊ ရောင်းကုန်ထဲမှာ လူမပါ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများ၊  လူကုန်ကူးမှုခံရလျှင် ခံစားရမည့် ဆိုးကျိုးများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)