စစ်တွေမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

စစ်တွေ၊  စက်တင်ဘာ   ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စစ်တွေမြို့ပေါ်ရှိ မြို့မဈေးကြီး၊ နာဇီဈေး၊ ရွှေပြားဈေး၊ မောလိပ်ရပ်ကွက် ဘကျော်ခွဆုံ၊ ရွာကြီးတောင်ရပ်ကွက်နှင့် ရွာကြီးမြောက် ရပ်ကွက်နေရာများတွင်စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ သည်။

ထိုသို့ ရောင်းချပေးရာတွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စစ်တွေမြို့နယ် ကိုယ်စားလှယ်နှင့်အဖွဲ့က စားသုံးဆီများကို သက်သာသော ဈေးနှုန်းထားဖြင့် ပြည်သူ များ ဝယ်ယူစားသောက်နိုင်စေရန် လူတစ်ဦးလျှင် ဆီ(၁)ပိဿာ၊ ၄၈၀၀ကျပ်စျေးနှုန်းဖြင့် ယနေ့တွင် ရပ်ကွက် ၆ ခုရှိ  ပြည်သူများအား စားသုံးဆီပိသာ(၃၉၆၀)အား လက်ဝယ်အရောက် စနစ်တကျရောင်းချပေးလျက်ရှိပြီး  ယင်းသို့ ရောင်းချမှုကို စက်တင်ဘာ (၁၆)ရက်တွင်လည်း မြို့ပေါ်ရပ်ကွက်(၇)ခုတွင်  ဆီပိသာချိန် (၄၆၂၀)အား ၁ပိသာလျှင် ၄၈၀၀ ကျပ်နှူန်းဖြင့် ဆက်လက် ရောင်းချပေးသွားမည်ကြောင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရ သည်။

ပြည်နယ် (ပြန်/ဆက်)