မြို့သစ် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့သစ်မြို့နယ်၊မြို့လုလင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကျင်းပသည့်"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်၁နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့လုလင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်ကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာမြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်ကဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီးမြို့လုလင်ကျေးရွာအခြေခံပညာအထက် တန်းကျောင်း(ခွဲ)G-11မှ မောင်ဝေ ဇော်ဦးက (လူငယ်နှင့်ကြီးပွားရေး)၊ မောင်သူရဦးက(လူငယ်နှင့်စာဖတ်ခြင်းအကျိုး)၊ မသွယ်ဇင်က (လူငယ်နှင့်ကျန်းမာရေး)၊G-12မှ မောင်ဖုန်းမြင့်ဇော်က(လူငယ်နှင့်ဝါသနာ)၊ မလင်းလတ်အောင်က(လူငယ်နှင့်အောင်မြင်ခြင်း)၊ မခင်ခင်ကျော်က(လူငယ်နှင့်ပညာရေး)၊""စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြီးစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် အပြန်အလှန်မေးခွန်းများမေးမြန်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)