မင်းပြားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre) ၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းပြား စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ယနေ့ခေတ်သည်ပညာခေတ်ဖြစ်၍ လူငယ်များသည် ဗလငါးတန်နှင့်ပြည်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင်စာပေဗဟုသုတများကို လေ့လာကြရန်နှင့် စာများများဖတ်ကြပါ။ ရိုးသားကြိုးစားကာ အကျင့်စာရိတ္တကောင်းမွန်သည့်      ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်များအားပေါ်ထွန်းလာရန်   အသိပညာပေး​ဟောပြောသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအားလေ့လာဖတ်ရှုကြပြီး ကလေးလုပ်သားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုကြကြောင်းသိရသည်။

သောင်းရွှေ (ပြန်ဆက်)