ရွှေတောင် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးမြင့်က အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းဝန်ထမ်းများ၊ သင်တန်းသား/ သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ရွှေတောင်) ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းနွယ်က သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျောင်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဦးစိုးမြင့်က သင်တန်းကျောင်း၏ လိုအပ်ချက်များကို လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးမြင့်ကစာသင်ခန်းကျောင်းဆောင်တည်ရှိနေမှု အခြေအနေ၊ ရုံးခန်းအဆောက်အဦး၊ လက်တွေ့ပြသခန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းသား/သူများ အိပ်ဆောင်၊ စားသောက်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)