ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၉) ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး ကွင်းဆင်းဟောပြော

ဒဂုံမြောက်  စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ( ၁၀ ) နာရီက  အမှတ်(၂၇) ရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း အမှတ် (၂၄) တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ဉမ္မာလွင်က ကာကွယ်ဆေးထိုးနှံပေးမည့် အသက်အရွယ်မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို (၁.၉.၂၀၁၁) မှ (၃၁.၈.၂၀၁၄) အတွင်း မွေးဖွားပြီး အသက် (၉) နှစ်ပြည့်ပြီး မှ (၁၂) နှစ် မကျော်သော မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ၊ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ပောာပြောပွဲသို့ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တက်ရောက် ခဲ့ကြကြောင်းသိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)