ဘီးလင်း စက်တင်ဘာ ၁၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်က သဘာဝဘေးမဖြစ်ပွားမီ၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်အောင်ထွန်းက သဘာဝဘေးမဖြစ်မီသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက်ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းထားရေး၊ ကယ်ဆယ်ရေးစခန်းနေရာများ ကြိုတင်စီမံထားရှိရေး ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသောကော်မတီဝင်များက ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်မည့်အစီအစဥ်များ နှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူအသီးသီးတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဘီးလင်းမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)