သတင်းများ

မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၆ရက်နေ့ ညနေ ၃ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေဦးတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 18,2023
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ရာ  အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျာင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၌ ​ကျောင်းကြက်​ခြေနီနှင့် ​ရှေးဦးပြုစုခြင်းအကြောင်း သိ​ကောင်းစရာ​ ဟောပြောပွဲကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စီမံချက်ဖြင့် ကျောင်းကြက်ခြေနီနှင့် ရှေ့ဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို စက်တင်ဘာ ၁၆ နံနက်(၁ဝ)နာရီအချိန်က စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ကံ့ကော်ခန်းမ၌ ကျင်းပခဲ့သည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည်  ၁၃ရက် နေ့နံနက်ပိုင်းမှ စတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌ အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ​တော်များနှင့် ဒေသခံပြည်သူအား​ ကုသ​ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်​နေ့က လူနာ (၆၉၂) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။
ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်မှ ယမန်နေ့နံနက်(၆:၃၀)နာရီအချိန်က မြို့မစျေးအရှေ့တွင် ရောင်းချပေးခဲ့သည်။
မြန်အောင်မြို့နယ်တွင် ကုန်မျိုးစုံဆိုင်များ၌ စားသောက်ကုန်များကို ကန့်သတ်ခွဲခြား၍ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို နေခြည်စျေး၊ ကုန်မျိုးစုံဆိုင်များ၊ စတိုးဆိုင်နှင့် Mobile Phone အရောင်းဆိုင်များ၌ တပ်မတော်ထုတ် စားသောက်ကုန်များကို ကုန်အမှတ်တံဆိပ် ခွဲခြား၍ရောင်းခြင်း ရှိ/မရှိစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၆)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆယ်ရွာကျေးရွာအုပ်စု တလုပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ကွင်းကြီးဒေါင့် ကျေးရွာအုပ်စု ပန်းညိုကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေမှုအား အချိန်မီဖယ်ရှားရှင်းလင်း
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ လမ်းမတော်လမ်းမတွင်  ယမန်နေ့ည (၁၀)နာရီက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးပတ် (၃)ပေ၊ အရှည်ပေ(၃၀)ရှိ ပျဥ်းမပင် အမြစ်လှန်ပြိုလဲကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြိုလဲသစ်ပင်အား  အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။