ဒေးဒရဲ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ လမ်းမတော်လမ်းမတွင် ယမန်နေ့ည (၁၀)နာရီက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုံးပတ် (၃)ပေ၊ အရှည်ပေ(၃၀)ရှိ ပျဥ်းမပင် အမြစ်လှန်ပြိုလဲကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြိုလဲသစ်ပင်အား အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင် စုဖွဲ့ထားရှိကြောင်း သိရသည်။
အေဇာလင်း