သတင်းများ

ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ဂွေးဇီး)တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Sep 18,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၈)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ဂွေးဇီး)တွင် ကျင်းပပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ် ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 18,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီက လယ်သာ​ကျေးရွာ YGW ပရဟိတ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခု-၂၀၀)သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲက ဆောင်ရွက်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စုစုပေါင်းအင်အား ၃၀၀ ဦးခန့်က ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆယ်ယူခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိစစ်ဆေး
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို စက်တင်ဘာ ၁၆ ရက် ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ One Day One Hundred(Ks) ပရဟိတအဖွဲ့မှ မွေးလူနာရှင်အား အလှူငွေထောက်ပံ့ ပေးအပ်
Sep 18,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ One Day One Hundred(Ks) ပရဟိတအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မွေးလူနာရှင်အား အလှူငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 18,2023
မိုင်းရယ်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ(၃)နာရီ က မိုင်းရယ်မြို့ မြို့မဘောလုံးကွင်းအတွင်းတွင် ကျင်းပပြုလုပ်သည်။
မိုးနဲမြို့  အလက(၁) ကျောင်း၌ ပောာပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာ‌ပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကို အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာ  ၁၆ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Sep 18,2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။