ကျောက်တန်း စက်တင်ဘာ ၁၈
ရန်တိုင်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်စွမ်းအား မြင့်မားလာစေရန်၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိလာစေရန်၊ စာဖတ်ခြင်းဖြင့်လည်း အရာရာဝေဖန်ပိုင်းခြားတက်လာစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကျောက်တန်း(ပြန်/ဆက်)