မင်းတုန်း စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ဝက်မွေးမြူရေး လုပ်ငန်းရှင်များအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်မှု ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ အောင်သစ္စာရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်အသင်းစု၏ ငွေကြေးလည်ပတ်မှုနှင့် ထုတ်လုပ်နိုင်မှု ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ခံများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ရာ ဝက်မွေးမြူရေး လုပ်ကိုင်မည့် အောင်သစ္စာရောင်းဝယ်ရေး သမဝါယမအသင်းစု အသင်းသားများက လက်ခံရရယူခဲ့ကြသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ခံများနှင့် ဝက်မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)