မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

မိုင်းပန် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်း၏ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းနှင့် မူလွန်(နားစန်း)ကျောင်းတို့၌ မိဘအုပ်ထိန်းသူ၏ သဘောတူလက်မှတ်ရေးထိုးမှုဖြင့် ကျောင်းသူ(၅၇)ဦးအား ကွင်းဆင်းထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)