သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

သနပ်ပင် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.က (တောင်ဘက်ကမ်း) ကျောင်း၌ အသက် (၉) နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ထိုးနှံပေးခဲ့သည်။

ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်‌စောထွန်းက (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် (HPV) ပိုးကြောင့် ဖြစ်ပွားကြောင်း၊ အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား (HPV) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus) ဟုခေါ်သည့် (HPV) ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့်ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းပြောကြား၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များတွင်လည်း မြို့နယ်/ကျေးလက် ကျန်းမာရေး ဆရာမများနှင့် တာဝန်ရှိသူတို့ပူး‌ပေါင်း၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း‌ သိရသည်။

လှမိုး(ပြန်/ဆက်)