ဖြူး စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) ရက်နေ့အတွင်း မွေးဖွားသော အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့က စတင်ထိုးနှံပေးနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြူးမြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းအနေဖြင့် ကျောင်းပေါင်း (၁၇၇) ကျောင်း၊ ကျောင်းသူဦးရေ (၅၇၉၅) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအလိုက်ထိုးနှံပေးခဲ့ရာ ပထမနေ့တွင် (၂၁၄၇) ဦး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) (တစ်ကြိမ်) ထိုးနှံခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာအရ စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)