သဲကုန်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသည့် ဘဝနေတက်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Youth Club) အဖွဲ့ဝင် မောင်နေလင်းစိုးက စာဖတ်ခြင်းဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် မရတနာကျော် က သင့်မွေးနေ့မှာ ပြန်လည်ဆန်းသစ်မှုအနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club)အဖွဲ့ဝင် မောင်ဖြိုးသီဟက လူငယ်တို့အနာဂတ် ကြီးကျယ်မြင့်မြတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် မစုပုံချစ်က ယုံကြည်သက်ဝင်မှု အနုပညာဖြင့်လည်းကောင်း တက်ရောက်လာသူများက ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကို ရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များ ဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော်