သတင်းများ

ဖြူးမြို့နယ်၌ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက်ကောင်းမျိုးများ ထောက်ပံ့
Oct 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် နေကြာသီးနှံများအထွက်ကောင်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက သာဓုကန်‌ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာနှင့် မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ (Community Centre) ၌ အဆင့်မြင့်စက်ချုပ်နည်း သင်တန်းစတင်ဖွင့်လှစ်
Oct 09,2023
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ (Youth Centre)တွင် ဒေသခံပြည်သူများ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကာ အဆင့်မြင့်စက်ချုပ်နည်းသင်တန်းကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သည်။
ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် ကွန်ပျူတာအ​ခြေခံသင်တန်း အမှတ်စဥ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 09,2023
စစ်ကိုင်းတိုင်း​ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအ​ခြေခံသင်တန်း အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင်​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၌ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများ အခွန်လွတ်ဈေးသို့ သွားရောက်ကြည့်ရှုအားပေး
Oct 09,2023
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် ၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများအခွန်လွတ်ဈေးသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Oct 09,2023
ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မြေပဲအထွက်ကောင်း မျိုးသန့်မျိုးကောင်း မျိုးစေ့ထောက်ပံ့ပေးအပ်
Oct 09,2023
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မြေပဲအထွက်ကောင်းမျိုးသန့်မျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းလက်တွေ့ပို့ချ
Oct 09,2023
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကတိမ်ညွန့်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို အောက်တိုဘာလ ၇ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် လက်တွေ့သင်ကြားမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 09,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာန(ဗန်းမော်ခရိုင်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခန့်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ကျင်းပခဲ့သည်။