မူဆယ် စက်တင်ဘာ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်၊ ကျောင်းသား/သူများကို ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရန်၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားအတိုင်းနောင်တချိန်နိုင်ငံတာဝန်များကို ပုခုံးလွှဲပြောင်းယူမည့် ယနေ့ခေတ်လူငယ်များကို အသိပညာ၊ ဗဟုသုတတိုးတက်ဖွံဖြိုးရေးနှင့် စကားပြောစွမ်းရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းမစတင်မှီ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းစောရင်နှင့်တကွ မြို့နယ်အားကစားမှူး ဦးမြင့်ထွေးတို့က တက်ရောက်လာသော ကျောင်းသား/သူများကို ကျန်းမာရေးနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြပြီး အ.ထ.က(၃)မှ Grade-10 ကျောင်းသူ(၂)ဦးနှင့် ကျောင်းသား(၁)ဦးတို့က “လူငယ်နှင့်ဘဝနေထိုင်မှု”၊ ”လူငယ်နှင့်စာဖတ်ခြင်း”၊ “လူငယ်နှင့်မူးယစ်ဆေးဝါး” စသည့်ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်းစတင်ခဲ့ကာ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း အထက်ပါခေါင်းစဉ်ဖြင့်သက်ဆိုင်သော သိရှိချင်သည့် အကြောင်းအရာများ၊ ထပ်ဆင့်ဆွေးနွေးဖြေကြားလိုသည်များကို အပြန်အလှန်အမေးအဖြေများဖြင့် လူငယ်အချင်းအချင်း ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက လူငယ်စကားဝိုင်းတွင် ပြောကြားဆွေးနွေးသွားသည်များကို ထပ်ဆင့်ဖြည့်စွက်ပြောကြားခဲ့ပြီး ကျောင်းသုံးစာရေးကိရိယားများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် မြို့နယ်အားကစားမှူးကလည်း ကျောင်းသား/သူများ အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်စေရေးအတွက် အားကစားပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)