ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဒေသနေပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီ များကို ရည်ညွှန်းဈေးနှုန်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဒေသနေအခြေခံ လူတန်းစားများအား စားအုန်ဆီများကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းဈေး(၅၂၀၀)ကျပ် သတ်မှတ်နှုန်းဖြင့် လူတစ်ဦး လျှင် (၅၀)ကျပ်သားနှုန်း ဖြန့်ဝေရောင်းချပေးရာ၊ စားအုန်းဆီ ပိဿာချိန်(၁၅၀)ကို ရပ်ကွက်များရှိ လမ်းများအား အလှည့်ကျစနစ်ဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများဖြင့် ပူးပေါင်းရောင်းချပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)