သနပ်ပင် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်လူအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညိုပြာက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ စာပေဝါသနာရှင်များအနေဖြင့်လည်း စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုများတိုးပွား၍ စာပေချစ်သူများ တစ်ဦးနှင့်တစ်းဦး ပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (book Club) အဖွဲ့ဝင် ဦတင်းဝင်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများကို စတင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း မိမိတို့၏ခေါင်းစဉ် တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)