ကွတ်ခိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT ထောက်ပံ့ငွေများ ပေးအပ်

ကွတ်ခိုင် စက်တင်ဘာ ၂၂

လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်များအတွင်း MCCT အကျိုးခံစားခွင့်ရရှိသူများကို သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံးမှတစ်ဆင့် တာဝန်ယူထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က ကွတ်ခိုင်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရှိသည့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများနှင့် တပ်ရင်းတပ်ဖွဲ့များရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် (၁၀၀၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၄၄,၁၁၅,၀၀ဝ/-)ကို စက်တင်ဘာလ (၁၅)ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၀ ရက်နေ့က ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ တစ်ဆင့် MCCT အကျိုးခံစားခွင့်ရှိသူများထံသို့ ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများအတွက် MCCT အကျိုးခံစားခွင့်ရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦိးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံထံမှ သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)