လပွတ္တာ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်း ကျောင်း ပညာသင်ယူနိုင်မှု အခွင့်အလမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၃)မိုင် အ.ထ.က ကျောင်းအစည်းအဝေးခန်းမတွင် ယနေ့ နေလည်(၁)နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ) ကျောင်းအုပ် ဆရာမကြီး ဒေါက်တာဝတ်ရည်လှိုင်က Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ၏ ပညာသင်ယူနိုင်မှု အခွင့်အလမ်းများအား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးဦးက မွေးမြူရေးဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဌေးဝင်းက Grade-10၊ Grade-11၊ Grade-12 တက်ရောက်မည့် ပညာသင်ယူနိုင်မှု အခွင့်အလမ်းများအားလည်းကောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူ (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပြန်/ဆက်)