(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး စက်တင်ဘာ ၂၅

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀×၂၂ လမ်းကြားရှိ အနုပညာဦးစီးဌာန(မန္တလေး)၊ လေ့ကျင့်ရေးကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးတင်ဝင်းရွှေ၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးပစ်တိုင်းထောင်၊ မန္တလေးတိုင်းဒေသကြီး ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင် ဆုရအနုပညာရှင်များ၊ အနုပညာဝါသနာရှင်များ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီနာယက မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ကျေးဇူးတင်စကားပြောကြာပြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက အဆိုအကဲဖြတ်ဒိုင်များဖြစ်ကြသော ဒေါ်ခင်ခင်ငြိမ်း၊ ဒေါ်နန္ဒာလင်း၊ အကယ်ဒမီ ဦးသော်ဇင်၊ ဦးစိုးဝင်း၊ ဦးတင်ဦးနှင့် အကအကဲဖြတ်ဒိုင် ဦးကျော်ဝင်း၊ ဒေါ်ညိုညိုဝင်း၊ ဒေါ်ခင်ဆင့်၊ ဒေါ်စိန်ပိုးတီ ဒေါ်ယုဝတီတို့ကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က အတီးအကဲဖြတ်ဒိုင်များဖြစ်ကြသော ဦးစိန်မောင်း၊ ဦးပစ်တိုင်းထောင်၊ ဦးမြငွေ၊ ဦးတင်ဝမ်း၊ ဦးစိုးတင့်လွင်၊ မောင်မော် တိုကိုလည်းကောင်း အသီးသီးဂုတ်ပြုဆုချီးမြှင့်ပေးကြသည်။

၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ၊ တစ်ဦးချင်းအကပြိုင်ပွဲ၊ ရုပ်သေး၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ(၆၀)ဦးနှင့် ဂုဏ်ပြုဆုရရှိသူ(၃၅)ဦး တို့အား အသီးသီးဆုများချီးမြှင့်ပေးကြပြီး ဆုရရှိသည့်သူများက ပြိုင်ပွဲဝင် တေးသီချင်းများ၊အကအလှများဖြင့် ဧည့်ခံဖျော်ဖြေပေးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)