ရွှေဘိုနည်းပညာ​ကောလိပ်တွင် ဗလငါးတန်ဖွံ့ဖြိုး​ရေး လူငယ်စကားဝိုင်းကျင်းပ

​ရွှေဘို စက်တင်ဘာ ၂၅

နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်​စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ရွှေဘိုနည်းပညာ​ကောလိပ်တို့ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံ့ဖြိုး​ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုနည်းပညာ​ကောလိပ်ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

​​ရှေးဦးစွာ ရွှေဘိုနည်းပညာကျောင်းအုပ်ဆရာကြီးဦး​ဇေယျာလှိုင်က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်ကဗလငါးတန်ဖွံ့ဖြိုး​ရေးလူငယ်စကားဝိုင်းများ ကျင်းပရချင်း၏ ရည်ရွယ်ချက်များကို​​ ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းက ဆောင်ရွက်ကာ ​မောင်​မင်းဟိန်းခန့်က လူ ငယ်နှင့်ကာယဗလ၊​ မောင်ခန့်ငြိမ်းမင်းက လူငယ်နှင့်ဥာဏဗလ၊​ မောင်ပိုင်​ဇေမျိုးက လူငယ်နှင့်စာရိတ္တဗလ မောင်ဝေလွင်ဖြိုးက လူငယ်နှင့်မိတ္တဗလ၊​ မောင်ရဲ​သွေးနိုင်က လူငယ်နှင့်​​ဘောဂဗလ၊​ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး​ မောင်ခန့်စည်လင်းက ဗလငါးတန်၏ အနှစ်ချုပ်ကို​ဆွေး​နွေးရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

​အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)