သတင်းများ

ဥတ္တရသီရိမြို့နယ်တွင်၊ မိုးသည်းထံစွာ ရွာသွန်း၍ တောင်ကျချောင်းရေကြီးမြင့်မှုကြောင့် ငလိုက်ချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်းသို့ ရေများဝင်ရောက်မှုဖြစ်ပွား
Sep 29,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေကြီးမြင့်မှုကြောင့် ငလိုက်ချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်းသို့ ယမန်နေ့ည ၁၀ နာရီခွဲအချိန်တွင် ရေများဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်
Sep 29,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အောင်သပြေ (၃) လယ်/ထွေ သမဝါယမအသင်း၊ စကိုင်းရွှေပါ စိုက်/မွေး/ထွေ သမဝါယမ အသင်း၏ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ မြို့မစျေး၌ ခြံစည်းရိုးကာရံမှု ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Sep 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဌာနမှ မြို့မစျေးခြံစည်းရိုးကာရံနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ယနေ့နံနက်ပိုင်းက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှု   အခြေအနေများကို   ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 29,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ  ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာတွင် ချည်မျှင်ရှည်ဝါငွေချည်(၁၁) မျိုးစေ့ထုတ်(၂၅.၀၀)ဧက၊ စံပြကွက်အောင်မြင်ဖြစ်ထွန်း
Sep 29,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် တောင်သူ ဦးထွန်းကြည်အပါအဝင် (၅)ဦး စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါငွေချည်(၁၁) မျိုးစေ့ထုတ်စံပြကွက်စိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဦးဆောင်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရသည်။
ပြည်ခရိုင်အမျိုးသမီး‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 29,2023
ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီး‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
မြိတ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး
Sep 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရေချိန် ၄.၅၆ လက်မဖြင့် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။