မိုင်းပျဉ်း စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဌာနမှ မြို့မစျေးခြံစည်းရိုးကာရံနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ယနေ့နံနက်ပိုင်းက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ပုံမှန်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃−၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ် (၁၇.၀၀)သန်းဖြင့် ဒုတိယ(၃)လပတ် မြို့မစျေးခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၃၂၀ပေ x ၅ပေ)ကို မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေအနေများအား အမှုဆောင်အရာရှိနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)