နတ်မောက် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏ မြို့မဈေးကြီးအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ အများသုံးသန့်စင်ခန်းတွင် အနံ့ဆိုးများ မရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ဈေးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် ဆိုင်ခန်းနေရာများတွင် ခင်းကျင်းထားရှိမှုအခြေအနေ၊ အမှိုက်စွန့်ပစ်မှုအခြေအနေများနှင့် အမဲ၊ ဝက်၊ ဆိတ်စားသုံးသူ မိဘပြည်သူများအတွက် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း မရှိ/မရှိ အခြေအနေများကို အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ၊ အဖွဲ့ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း