သတင်းများ

လောက်ကိုင်မြို့၌ ကိုးကန့်ရိုးရာလမုန့်စားပွဲတော်အကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ကိုးကန့်လူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် စက်တင်ဘာလ၂၉ရက် လပြည့်နေ့တွင် ကျရောက်မည့် လမုန့်စားပွဲတော်ကို ကြိုဆိုသောအားဖြင့် လောက်ကိုင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ  ဟိန်းလီကုမ္မဏီအုပ်စု (Hanley Group)မှ ကျင်ဂျန်းဝင်းအတွင်းရှိ ကြယ်စငကွင်းပြင်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ Hanley Music Bandနှင့် Hanley Dance Studioတို့မှ သီဆိုကပြဖော်ဖြေမှုများ၊ ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၈၇ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Sep 28,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
လောက်ကိုင်မြို့  ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ခရိုင်အဆင့်မှ ဒေသအဆင့် ပြောင်းလဲဖွင့်လှစ်ခြင်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ခရိုင်လယ်ယာမြေစီမံခန့်‌ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ခရိုင်အဆင့်မှ ဒေသအဆင့်သို့ ပြောင်းလဲဖွင့်လှစ်ခြင်း ဆိုင်ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 28,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
ဝိုင်းမော်မြို့နယ်တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 28,2023
ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။
မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချ
Sep 28,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များမှ ယနေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်၌ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍  မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ၊ ဘားအံပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Sep 27,2023
အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ ၌ ကျင်းပသည်။