တောင်တွင်းကြီး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရေချိန် ၄.၅၆ လက်မဖြင့် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်ပွားရာနေရာများသို့ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ချက်ချင်းသွားရောက်၍ ချောင်းရေဝင်ရောက်သည့် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေများအနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး ရေဝင်ရောက်သည့် ရပ်ကွက်၊ ကျေးရွာများသို့ အစားအသောက်များ ဝေငှနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထားရှိပြီး ချောင်းရေဝင်ရောက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)