စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာတွင် ချည်မျှင်ရှည်ဝါငွေချည်(၁၁) မျိုးစေ့ထုတ်(၂၅.၀၀)ဧက၊ စံပြကွက်အောင်မြင်ဖြစ်ထွန်း

စလင်း စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် တောင်သူ ဦးထွန်းကြည်အပါအဝင် (၅)ဦး စိုက်ပျိုးထားရှိသည့်  ချည်မျှင်ရှည်ဝါငွေချည်(၁၁) မျိုးစေ့ထုတ်စံပြကွက်စိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ  ဝန်ထမ်းများမှ ဦးဆောင်ကြီးကြပ်၍  စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိရာ  အောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရသည်။

စလင်းမြို့နယ်တွင် ယခုနှစ်တွင် တောင်သူအများစုသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ  စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာတောင်သူ  ဦးထွန်းကြည်အပါအဝင် (၅)ဦး စိုက်ပျိုးထားသည့် ငွေချည်(၁၁)မျိုးစေ့ထုတ်(၂၅.၀၀)ဧက ကွင်းအမှတ်(၅၄၆) ကွင်းပိုင်အမှတ်(၅)ဦး အပါအဝင် စိုက်ပျိုးထားရှိအောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်၊ ဝါမျိုးစေ့ထုတ်လုပ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဝါစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေများစွာ ရရှိမည်ဖြစ်ပြီး  စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဝန်ထမ်းများကစိုက်ပျိုးရေးနည်းပညာများဖြင့် ပေါင်းစပ်ကာ၊ ဝါမျိုးကောင်းမျိုးသန့်နှင့် သွင်းအားစု မြေသြဇာများပံ့ပိုးကူညီဆောင်ရွက်ခြင်းများပြုလုပ်၍  ဝါစိုက်တောင်သူများတစ်ဦးနှင့် တစ်ဦး ဝါစိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ဖြစ်ထွန်းရေးနည်းစနစ်များကို  ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အထွက်နှုန်းတိုး စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ယခုနှစ်တွင်လည်း ဝါစိုက်ပျိုးထုတ်လုပ်ခြင်းကိုအများဆုံး စိုက်ပျိုးကြပြီး ဝါစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့်များ  စိုက်ပျိုးရေးနည်းပညာများဖြင့် စိုက်ပျိုးခဲ့၍ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးမည်ဟုခန့်မှန်းရကြောင်းနှင့် ယခင်နှစ် ဝါတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ စျေးကောင်းရရှိခဲ့ကြပြီး မိသားစုများဝင်ငွေများ တိုးပွားခဲ့ကြသဖြင့် ယခုနှစ်တွင်

နေရာဒေသအလိုက် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါငွေချည် (၁၁)မျိုးစေ့ထုတ်ဝါစိုက်ခင်းအား စိတ်ဝင်စားစွာ စိုက်ပျိုးလာကြကြောင်း သိရှိရ၍ တာဝန်ရှိသူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)