ဥတ္တရသီရိ စက်တင်ဘာ ၂၉
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေကြီးမြင့်မှုကြောင့် ငလိုက်ချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်းသို့ ယမန်နေ့ည ၁၀ နာရီခွဲအချိန်တွင် ရေများဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် နေပြည်တော်-ချောင်းနက် ကားလမ်းပေါ် မိုင်တိုင်အမှတ်(၃၀/၀)တွင် ရေများ(၃)ပေခန့် ကျော်လျက်ရှိပါသောကြောင့် ချောင်းကမ်းနံဘေးနားရှိ နေအိမ်များကို ကုန်းမြင့်ရာနေရာများသို့ ကျေးရွာရာအိမ်မှူးများဦးစီးပြီး ရွှေ့ပြောင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တတက(၂)တပ်နယ်သို့ သတင်းပို့ဆောင်ရွက်ထားကာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့များ အသင့်စုစည်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)