သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

တိုက်ကြီး စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အောင်သပြေ (၃) လယ်/ထွေ သမဝါယမအသင်း၊ စကိုင်းရွှေပါ စိုက်/မွေး/ထွေ သမဝါယမ အသင်း၏ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာ ဦးကံချွန်နှင့် အဖွဲ့ဝင်များက ဖလုံရွာမကျေးရွာ အောင်သပြေ (၃) လယ်/ထွေ သမဝါယမ အသင်းသား တောင်သူဦးလေးအောင်နှင့် ကျိုက်စကိုင်းကျေးရွာ စကိုင်းရွှေဝါ စိုက်/မွေး /ထွေ သမဝါယမ အသင်းသား တောင်သူ ဦးမောင်စိုးတို့၏ မိုးစပါးစိုက်ပျိုးထားသည့် လယ်မြေများအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို အသိပညာပေး ဆွေးနွေးသည်။

တိုက်ကြီးမြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာ လုပ်ငန်းစနစ် လုပ်ကိုင်ဆောင်ရွက်နေသော စိုက်ပျိုးရေးသမဝါယမအသင်း (၂၁) သင်း၊ အသင်းသားတောင်သူ (၁၁) ဦးနှင့် စိုက်ဧက (၁၇၃၂) ဧကရှိပြီး လောက်လေးချောင်းကျေးရွာ ရတနာလွှမ်း လယ်/ထွေ သမဝါယမ အသင်းသား တောင်သူ ဦးတင်အေး၏ မိုးစပါးစိုက်ပျိုးထားသည့် လယ်မြေများကိုလည်း ဆက်လက်ကြည့်ရှုကြပ်မတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)