ပြည် စက်တင်ဘာ ၂၉
ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ပြည်ခရိုင်အမျိုးသမီးကော်မတီဝင်များက အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအပါအဝင် ခရိုင်အတွင်း အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်ကာ ဒုခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)