သတင်းများ

သရက်မြို့နယ် ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်း အကွက်ကျယ် စံကွက်(၀.၁၀)ဧက ရိတ်သိမ်းပွဲ ဆောင်ရွက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ နယ်ထုံးတောင်အုပ်စု၊ ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်းအကွက်ကျယ် စံကွက် (၀.၁၀) ဧက ရိတ်သိမ်းပွဲဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းအမှတ် (၇၃) ဦးပိုင် (၁၀၄)၊ တောင်သူ ဦးမင်းဇော်၏ ယာမြေ (၅.၀၀) ဧကတွင် မိုးပဲတီစိမ်း (ရေဆင်း-၁၄) မျိုးသန့်စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါစာသင်ကျောင်း၏ ချယ်ရီဆောင်တွင် ကျောင်းကော်မတီများ ကျောင်းသားမိဘများစုံညီစွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်​ကျော်ခြင်း ပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ
Jul 29,2025
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား​ပိုက်​ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ည​နေ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 29,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဓမ္မာရုံ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို စာစစ်ဌာန အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနအမှတ် (၂) အခြေပညာအထက်တန်းကျောင်းနှင့် မြောင်းတကာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်(၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။
လိပ်သိုဒေသတွင် လက်ဖက်ပျိုးပင်များ ပျိုးထောင်ရောင်းချလျက်ရှိ
Jul 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသ ဖြစ်၍ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် လက်ဖက်ပင်များကို ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။
ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။