မုံရွာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် Census Unit ဆောင်ရွက်လျက်ရှိ
Sep 26,2023
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် GIS နည်းပညာအသုံးပြု၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာနမှ လ/ထညွှန်မှူး ဦးနိုင်ဖြိုးကျော်၊ လ/ထလဝကမှူး ဒေါ်ငြိမ်းစန္ဒာလွင်၊ ကြီး/ရေး ဒေါ်အိအိဝင်းတို့မှ ဦးဆောင်၍ Census Unit ဆိုင်ရာ ကောက်ကွက်မြေပုံရေးဆွဲ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး မုံရွာခရိုင်လဝကဦးစီးမှူး၊ မုံရွာမြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးဥက္ကဋ္ဌနှင့် စာရေးများအား လုပ်ငန်းများ အချိန်မီပြီးစီးရေး အားလုံးပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။