ညောင်ဦး စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် အကူသူနာပြု (ပြင်ပ) ၉ လသင်တန်းဆင်းပွဲကို ညောင်ဦးခရိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က သင်တန်းဆင်း အဖွင့်ဂုဏ်ပြု အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအောင်မြင့်ထွန်းမှ အကူသူနာပြု(ပြင်ပ) ၉ လ သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်းပြသည်။ ဆက်လက်၍ အကူသူနာပြု (ပြင်ပ) ၉ လသင်တန်း၌ ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်၊ ညောင်ဦးခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)