သတင်းများ

သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။
ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ (ဖူဆယ်၊ ဘော်လီဘော၊ ကြက်တောင်ရိုက်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပသည်။
သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်
Sep 26,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။
ချောက်မြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချ
Sep 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ချောက်မြို့နယ်တွင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၇)ဦးမှ စျေးကားဖြင့် လှည့်လည်၍ စားအုန်းဆီတစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ချောက်မြို့​ရှိ အမှတ်(၁၅)ရပ်ကွက် တိုးချဲ့ရပ်၊​ ချောက်မြို့နယ် ရွာမ၊ ​ညောင်ဇင်၊ ဆယ်ကန်၊ နရွဲ​တော၊ ထိန်စမ်း၊ ​ဂွေးပင်ကြီး၊ သလုံး​သွေး၊ တွင်းလပ်၊ ပန်းဘဲ၊ လင်းတကိုင်း​ကျေးရွာအုပ်စုများရှိ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးနှင့် ဓမ္မာရုံများတွင် အိမ်​ထောင်တစ်စုလျှင် စားအုန်းဆီတစ်ပိဿာနှုန်း​​ဖြင့် ယ​နေ့နံနက်(၉)နာရီကစ၍ ရောင်းချ​ပေး​လျက်ရှိသည်။
ပင်လောင်းမြို့၌ မြေပိုင်ရှင်များထံ မြေယာလျော်ကြေးငွေပေးအပ်
Sep 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မြေယာလျော်ကြေးငွေအား မြေပိုင်ရှင်များထံ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 26,2023
၂ဝ၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအခြေခံပညာအဆင့် အသက် (၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လွိုင်လင်မြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး
Sep 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ယနေ့ နေ့လယ်ပိုင်းက မြို့မစျေး အနောက်ဖက်တွင် စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ဒေသခံပြည်သူများအား လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Sep 26,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) ထန်းပင်ချောင်ကျောင်း၌ ကျင်းပခဲ့သည်။