ခန္တီး စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုရင်းဖြင့် ရရှိလာသော ဗဟုသုတများကို လူငယ်အချင်းချင်း ဖလှယ်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက် ယနေ့မွန်းတည့် (၁၂)နာရီ အချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာချစ်သူများ (Youth Clob)ဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ယနေ့ခေတ်မျိုးဆက်သစ်လူငယ်ကလေးများ ဗဟုသုတကြွယ်ဝနေဖို့ လိုအပ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့၏ အတွေးအမြင်၊ အတွေးအခေါ်များ မှန်ကန်လာပြီး လူ့ပတ်ဝန်းကျင်တွင်လည်း လိမ္မာယဉ်ကျေးသော သားကောင်း၊ သမီးကောင်းလေးများ ဖြစ်လာသည့်အတွက် လူ့ပတ်ဝန်းကျင်၏ လေးစားအတုယူရသူများ ဖြစ်လာနိုင်ကြောင်း စသည်ဖြစ် ဦးဆောင်ဆွေးနွေးပြီးနောက် မောင်ဘင်ဂျင်မင်က စာရေးဆရာ မော်မော့်မောင်ရေးသားသည့် အဖြူရောင်ခမည်းကြက်နှင့် အခြားဝတ္ထုတိုများစာအုပ်မှ စာအုပ်ဘိုးဘိုးကြီးခေါင်းစဉ်ပါ အကြောင်းအရာအချို့ကို ထုတ်နှုတ်ဆွေးနွေးခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်သူစာချစ်သူလူငယ်လေးများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အေးခိုင်(ပြန်/ဆက်)