သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံရေး စစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 26,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်သောနိုင်ငံရေးပါတီများအနက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေစိုက်သောနိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မုံရွာမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမွမ်းမံသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာမွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ (၂) လက်မအောက်ခံ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားအနီး ဧရာဝတီသင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့၊ သဲကုန်းကျေးအုပ်စုအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှထောက်ပံ့ကြေးငွေများပေးအပ်ရာ ရွှေသောင်ယံမြို ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာဆင်ဖြူကျွန်းအောင်သိန်းရေးသားသော ‟ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
အထက မိုင်းနောင် KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
မအူပင်မြို့တွင် ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့် စပ်လျဉ်းသည့် တွေ့ဆုံခြင်းအခမ်းအနားကျင်းပ
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ဧရာဝတီတိုင်း‌ဒေသကြီး တာဝန်ခံ) ဦးသန်းထွန်းနှင့် နိုင်ငံရေးပါတီ များမှ ခရိုင်အဆင့် ပါတီကော်မတီဥက္က‌ဋ္ဌ အပါအဝင် တာဝန်ရှိသူများ၊ ပါတီဝင်အင်အား စာရင်းများ ပူးပေါင်းစိစစ်ခြင်းနှင့် စပ်လျဉ်းသည့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက ခရိုင်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဖွင့်ပွဲ ကျင်းပ
Sep 26,2023
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပသည်။