မုံရွာ စက်တင်ဘာ ၂၆
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် GIS နည်းပညာအသုံးပြု၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာနမှ လ/ထညွှန်မှူး ဦးနိုင်ဖြိုးကျော်၊ လ/ထလဝကမှူး ဒေါ်ငြိမ်းစန္ဒာလွင်၊ ကြီး/ရေး ဒေါ်အိအိဝင်းတို့မှ ဦးဆောင်၍ Census Unit ဆိုင်ရာ ကောက်ကွက်မြေပုံရေးဆွဲ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး မုံရွာခရိုင်လဝကဦးစီးမှူး၊ မုံရွာမြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးဥက္ကဋ္ဌနှင့် စာရေးများအား လုပ်ငန်းများ အချိန်မီပြီးစီးရေး အားလုံးပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
မုံရွာမြို့နယ်အတွင်းရှိ သတ်မှတ်ရပ်ကွက်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ကွင်းဆင်းဆောင်ရွက်ပြီးစီးသော ရပ်ကွက်များမှာ ဒေါနခြံရပ်ကွက် အိမ်ထောင်စုပေါင်း ၁၃၇၆စု၊ ကျား ၃ဝ၄၅ဦး၊ မ ၃၃၄၉ ဦး စုစုပေါင်း ၆၃၉၄ဦး၊ ရတနာပုံရပ်ကွက် အိမ်ထောင်စုပေါင်း ၁၇၉၄ စု၊ ကျား ၃၇၂၃ဦး၊ မ ၄၁၆၄ဦး၊ စုစုပေါင်း ၇၈၈၇ဦး၊ စက်မှုဇုန်ရပ်ကွက် အိမ်ထောင်စုပေါင်း၁၅၃၄စု၊ ကျား ၃၁၆၄ဦး၊ မ ၃၃၃၇ဦး၊ စုစုပေါင်း ၆၅၀၁ဦး၊ ရွှေပြည်အေး ရပ်ကွက် အိမ်ထောင်စုပေါင်း ၂၃၄၇စု၊ ကျား ၅၄၀၂ဦး၊မ ၅၃၅၉ဦး၊ စုစုပေါင်း ၁၀၇၆၁ဦး၊ အောင်မင်္ဂလာရပ်ကွက် အိမ်ထောင်စုပေါင်း ၁၁၅၈စု၊ ကျား ၂၃၅၈ဦး၊ မ ၂၇၂၄ဦး၊ စုစုပေါင်း ၅၀၈၂ဦး၊ စုစုပေါင်း အိမ်ထောင်စု ၈၂၀၁ စု၊ ကျား ၁၇၆၉၂ ဦး၊ မ ၁၈၉၃၃ဦး၊ စုစုပေါင်း လူဦးရေ ၃၆၆၂၅ ဦး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် မုံရွာမြို့နယ်လဝကဦးစီးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူလုပ်ငန်းများကို မုံရွာမြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်/အခြေခံပညာ အထက်တန်းကျောင်းများ၊ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ အကျဥ်းထောင်နှင့် ဘုန်ကြီးကျောင်း/ သီလရှင်ကျောင်းများရှိ သာသနာ့ဝန်ထမ်းများကိုပါ ကောက်ယူပေးသည့်အပြင် ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ကောက်ယူပေးလျက်ရှိကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)