ကောလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ကောလင်း စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ (ဖူဆယ်၊ ဘော်လီဘော၊ ကြက်တောင်ရိုက်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပသည်။

အဆိုပါဆုပေးပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဆုရရှိသော မီးသတ်ဦးစီးဌာနနှင့် တတိယဆုရရှိသော မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကိုလည်းကောင်း၊ ဘော်လီဘော(ကျား) ပြိုင်ပွဲတွင် ပထမဆုရရှိသော မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယဆုရရှိသော ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တတိယဆုရရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကိုလည်းကောင်း၊ ဘော်လီဘော(မ) ပြိုင်ပွဲတွင်လည်း ပထမဆုရရှိသော မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယဆုရရှိသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တတိယဆုရရှိသော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ထို့အတူ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင် အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)