ချောက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ချောက်မြို့နယ်တွင် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်(၇)ဦးမှ စျေးကားဖြင့် လှည့်လည်၍ စားအုန်းဆီတစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ချောက်မြို့ရှိ အမှတ်(၁၅)ရပ်ကွက် တိုးချဲ့ရပ်၊ ချောက်မြို့နယ် ရွာမ၊ ညောင်ဇင်၊ ဆယ်ကန်၊ နရွဲတော၊ ထိန်စမ်း၊ ဂွေးပင်ကြီး၊ သလုံးသွေး၊ တွင်းလပ်၊ ပန်းဘဲ၊ လင်းတကိုင်းကျေးရွာအုပ်စုများရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဓမ္မာရုံများတွင် အိမ်ထောင်တစ်စုလျှင် စားအုန်းဆီတစ်ပိဿာနှုန်းဖြင့် ယနေ့နံနက်(၉)နာရီကစ၍ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး တင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းသန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် စားအုန်းဆီ (၄၅)ပေပါအား အိမ်ထောင်စု (၄၉၅၀)စုအတွက် စားအုန်းဆီ (၄၉၅၀)ပိဿာရောင်းချပေးခဲ့ရာ ပြည်သူများ၏ နေ့စဥ်လူမှုဘဝအထောက်အပံ့ဖြစ်စေရေး ရောင်းချပေးနိုင်ခဲ့ကြာင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)