သံတွဲ စက်တင်ဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူရာတွင် ပထမ ဦးစားပေးအနေဖြင့် သံတွဲမြို့နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးကို စတင်ကောက်ယူပေးလျက်ရှိသည်။ အဆိုပါစာရင်းကောက်ယူနေမှုများကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များလှည့်လည် ကြည့်ရှုကြရာ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်
သန့်ဇင် (ခရိုင်ပြန်/ဆက်)