လွိုင်လင် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ယနေ့ နေ့လယ်ပိုင်းက မြို့မစျေး အနောက်ဖက်တွင် စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ဒေသခံပြည်သူများအား လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချရာတွင် ပြည်သူများထံသို့ တစ်ဦးလျှင် စားသုံးဆီ (၁) ပိဿာ (၅၀၀၀) ကျပ်နှုန်းဖြင့် ဆီ (၅၅၀) ပိဿာအား ပြည်သူများ လက်ဝယ်အရောက် လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)