မိုင်းခတ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချ၍ ပလတ်စတစ်အစား ဖက်ရွက်များဖြင့် အစားထိုးအသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က မိုင်းခတ်မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေနှင့် ဝန်ထမ်းများက မြို့မဈေးအတွင်းရှိ ဈေးရောင်းချနေပြည်သူများအား ပလပ်စတစ်သုံးစွဲခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ‌အပေါ် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များအကြောင်း အသိပညာ‌ပေးပြောကြားရာတွင် ပလပ်စတစ်အမှိုက်ကြောင့် ကုန်းနေ၊ ရေနေသတ္တဝါသာမက ကမ္ဘာကြီးကို ဒုက္ခပေးနိုင်ကြောင်းနှင့် လူတွေမှာ ကင်ဆာအမျိုးမျိုးဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအတွက် ပလတ်စတစ်သုံးစွဲမှုကို အန္တရာယ်ကြီးတစ်ခုသဖွယ် မှတ်ယူ၍ မိမိကစလျော့ချကြရန် အသိပေးတိုက်တွန်းပြောကြားပြီး ဈေးရောင်းချသူ ပြည်သူများအား ဖက်ရွက်များ အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)