စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ သီးနှံတာရှည်ခံနည်းပညာ လွှဲပြောင်းသင်တန်း ဖွင့်လှစ်

မုံရွာ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး သီးနှံတာရှည်ခံ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာအသုံးပြုနည်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်()နာရီခွဲက အဆိုပါရုံး Incubation Centre တွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေး လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းက သီးနှံတာရှည်ခံ နည်းပညာလွှဲပြောင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ထုတ်လုပ်ရောင်းချသူများ၊ သုံးစွဲသူမိဘပြည်သူများအတွက် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေး လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ မုံရွာမြို့ပေါ်မှ သီးနှံတာရှည်ခံ နည်းပညာလွှဲပြောင်းရယူသူ လုပ်ငန်းရှင်နှင့် သင်တန်းအား စိတ်ပါဝင်စားသူ (၁၅)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သီးနှံတာရှည်ခံနည်းပညာများနှင့် သတ်သက်၍ သင်တန်းကာလ ()ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)