သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များစာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး     စက်တင်ဘာ   ၂၇

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လယ်  နာရီအချိန်က Community  Centre ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေါ်ခင်မာကြည် (BookClub) အဖွဲ့ဝင်ကစာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် မင်းကိုယ်မင်း ပြန်ကြည့်စမ်းပါ၊ သူရဲဘောနည်းသူ၊ အလှကျန်ခဲ့သည်၊ ကျွန်ုပ်တို့သယ်ပိုးရသောဝန်များ၊ အနုပညာ နှင့်စာပေ၊ ဖန်ဆင်းနိုင်စွမ်းသောတီထွင်မှု စသည့်အကြောင်းအရာများအားစာဖတ်ဝိုင်းဆွေးနွေးခဲ့ သည်။

ဆက်လက်ပြီးဦးအဲလ်ဗစ်(Youth Club) အဖွဲ့ဝင်ကအယ်လက်ဇင်းဒါး ပရေဟမ်ဘဲလ်၊ညတေးဆိုငှက် များကျွန်း၊ ရွှေတံခါးပေါက်၊ ကျွန်ုပ်တို့ကံကောင်းကြပေသည်၊ သင်ကြိုက်ဖို့အတွက်ရေးပါ၊ ထူးကဲသောစာအုပ် တစ်အုပ်ကိုဖတ်ခြင်း စသည်တို့ကိုဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

နော်နော်မူ