ဝေါလေမြိုင် စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၃ခု နှစ်၊ အောက်တိုဘာ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန့်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.ထ.က (ဝေါလေမြိုင်)ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက်ကဗျာရွတ်ဆို ပြိုင်ပွဲကိုကျင်းပခဲ့ရာမူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၆)ဦးတို့က ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
နှင်းဝေဦး (ဝေါလေ)