သံတောင်ကြီး စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့်ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများအထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
ယခင်နှစ် ကဆိုရင်ဖာလာသီးခြောက် တစ်ပိဿာကျပ်(၉၀၀၀)ရရှိပြီး စိုက်ပျိုးထားတဲ့(၅)ဧက လောက်ရှိတဲ့ခြံက ပိဿာ (၅၀၀) ထွက်ရှိတဲ့အတွက် ငှားထားတဲ့ အလုပ်သမားခရော စားသောက် စရိတ်နဲ့ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေပေးပြီး ကိုယ့်အတွက် အမြတ်ငွေကျန်ပေမဲ့ ဒီနှစ်ဖာလာအထွက် နှုန်းသိသိသာသာလျော့နည်းခြင်း၊ ကုန်ဈေးနှုန်းများကြီးမှုကြောင့် ယခုချဉ်ပေါင် ဖာလာခြောက်ပိဿာ (၁၀၀) သာရရှိ တဲ့အတွက်ဈေးကောင်းရရှိမှသာ ကျွန်တော်တို့ ချဉ်ပေါင် ဖာလာစိုက်ပျိုးလုပ်ကိုင်သူခြံပိုင်ရှင်များအတွက် အဆေပြေစေမှာဖြစ်ကြောင်း ခြံပိုင်ရှင် ဦးစောခရစ်က ပြောကြားခဲ့သည်။
အဆိုပါ ချဉ်ပေါင်ဖာလာသီးခြောက်များ ယခင်နှစ် တစ်ပိဿာကျပ်(၉၀၀၀)ရရှိပြီး ယခုနှစ်တွင် တစ်ပိဿာကျပ်(၁၂၀၀၀)ထိရရှိသော် လည်း ချဉ်ပေါင်ဖာလာသီးအထွက် နှုန်းလျော့နည်းမှု၊ လုပ်အားခ၊ သယ်ယူစရိတ်နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုများကြောင့် ချဉ်ပေါင်ဖာလာ စိုက်ပျိုး လုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နော်နော်မူ