နိုင်ငံတကာအဆင့် Global Challenge ပြိုင်ပွဲအတွက် မီးသတ်တပ်ဖွဲ့လေ့ကျင့်

မရမ်းကုန်း စက်တင်ဘာ ၂၇

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Brave Heart Competition (Individual) နဲ့ Brave Heart Competition (Team) နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် ပါ၀င်ယှဉ်ပြိုင်နိုင်ရေးကြိုးပမ်းမှု ပထမဆုံးခြေလှမ်းအဖြစ် ပြိုင်ပွဲ၀င်မည့် မီးသတ်တပ်ဖွဲ့၀င်များ၏ အရည်အသွေးစိစစ်ရွေးချယ်ပွဲကို ယမန်​နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အရည်အသွေးစိစစ်ရွေးချယ်ပွဲတွင် မြန်မာနိုင်ငံမီးသတ်ဌာန ချုပ်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြိမ်းသတ်ရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့် Global Challenge ပြိုင်ပွဲအတွက် လေ့ကျင့်နေခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့၀င်များသည် ပြည်သူလူထုကို ကူညီကယ်ဆယ်ရာတွင် တပ်ဖွဲ့၀င်များ၏ စွမ်းဆောင်ရည်၊ မီးငြိမ်းသတ်ရေးယာဉ် စက်ပစ္စည်းကိရိယာများ၏ စွမ်းပကားကို စွမ်းအားပြည့် အသုံးချနိုင်ရန်အတွက်လည်း​ကောင်း၊ နိုင်ငံတကာရဲ့ စံချိန်စံညွန်းနဲ့အညီ တပ်ဖွဲ့၀င်များ၏ ကြံ့ခိုင်မှုနှင့် လေ့ကျင့်သားပြည့်၀​စေရန်အတွက်လည်း​ကောင်း​ ဆောင်ရွက်လျက်ရှိ​ကြောင်း ​ပြောကြားခဲ့သည်။ အဆိုပါ အရည်အချင်းစစ်ပြိုင်ပွဲသို့ တိုင်း​ဒေသကြီး/ ပြည်နယ်ကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင် (၄၁) ဦး ဝင်‌ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး